If You Are An Arakanese, Be An Arakanese. Never Surrender. Never Give Up. ရခိုင်ဆိုကေ ရခိုင်ပိုင် ပြုမှု ပြောဆိုနီထိုင်ပါ။ ရခိုင်သည် ရခိုင်ဖြစ်သည်။ ဂစ္စပနဒီ မြစ်သည် ဘင်္ဂလားပင်လယ်အော်သို့စီးဝင်သည်။ ဧရာဝတီမြစ်သည် ကပ္ပလီပင်လယ်ထဲသို့စီးဝင်သည်။

THERE IS NO SO-CALLED ROHINGYA IN ARAKAN.

Thursday, 30 July 2009

ထော... ကြည့်လိုက်

ထော... ကြည့်လိုက်
............................

ထော... ကြည့်
ရန်ကုန်ရောက်
ရခိုင်သမချေ
တစ်ယောက်
မြန်မာချေတစ်ယောက်နန်.
ကြားတိုင်းရောက်.............။

ထော....ကြည့်
စင်ကာပူရောက်
ရခိုင်သမချေ တစ်ယောက်
မြန်မာချေတိနန်.
ဆီးဆောက်ကရောက်........။

ထော.....ကြည့်
နယူးယောခ် ရောက်
ရခိုင်သမတစ်ယောက်
ဘောက်သာ ဆိုးနန်.
လှော်လီ စည်းဖောက်.........။

ထော...ကြည့်
ပြည်ပရောက်
ရခိုင်ခေါင်းဆောင်တစ်ယောက်
မြန်မာတိနန်.
ရွှေလမ်း၊ငွေလမ်း ဖောက်...........။

ထော........ကြည့်
ရခိုင်အမျိုးသားရီးလုပ်တေ
ရခိုင်သားတစ်ယောက်
မြန်မာမနန်.
ဟိဟိ...ဟားဟား ...ဟောက် .....။


ဖင်ကြွတ်စူး(ရမ်းဗြဲကျွန်း)

Read more...

အဘာလေး မွန်းရေ

အဘာလေး မွန်းရေ
..........................

ဟုတ်ကဲ့ ခင်ဗျား
အမေ ယခိုင်
အဖေ မျန်မာ .....ပါ
ကျူပ် ယခိုင်ပျည်ဂျီးကို
ချစ်ပါဒေ .........................။

......အီးယောင်လေး .............

ဟုတ်ကဲ့ ချိန်.
အမေ ယခိုင်
အဖေ ယခိုင် ........ပါ
ယန်ကုန်မှာ ကျီးဒါပါ
ယခိုင်လို.ဒေါ့ မပျောတက်ဗူး
ယခိုင်ပျည်ကို
မယောက်ဖူးဗူး

.....ဘားဘာလေး............

ဟုတ်ပါယင့်
အမိ ရခိုင်
အဖ ရခိုင် ........ပါ
အသျှေကဘင်
မြန်မာစာ သင်လာစွာပါ
ရခိုင်ပိုင် ရွီးဖို.စွာ ရှက်ပါရေ
ရွီးဖို.လေ့ မတက်ပါ

..... သီဖိယကေ...........

ဟုတ်ကဲ့
အမိ ယခိုင်
အဖ ယခိုင် .....ပါ
ယခိုင်ပြည် သံတွဲက ပါ
ယခိုင်အစစ်တွေလို.တော.
မယေး၊မပျောတတ် ပါ

...........သီကတ်ရာလူရို. .......

ဟုတ်ပါရေ
စစ်တွေကပါ
အမိရခိုင် အဖ ရခိုင် ပါ
ရခိုင်ပြည်နယ်ကပါ
အဂု စစ်တွေမှာ
တိုက်တိ အမြင့်ကြီးဆောက်
ရထားလမ်းတိဖောက်
ကကောင်းတိုးတက်နိန်ပါယာ

......အဝေး ဖင်ကြွတ်စူး ဈီးကို ဗြီး ဖိ............
မွန်းရေလူရို.၊ ငါ အဂွင့် မွန်းရေ


ဖင်ကြွတ်စူး(ရမ်းဗြဲကျွန်း)

Read more...

ခြံစည်းရိုးကြားက ငိုရှိုက်သံ

ခြံစည်းရိုးကြားက ငိုရှိုက်သံ
(ဖြစ်ရပ်မှန် ၀တ္ထုတို)
ဘုန်းစည်သူ

6/15/2009

ဆူဆူဆိုစွာက ခမီး အမျိုးသမီးချေ တဦးဖြစ်ပါရေ။ အသက် ၁၇ နှစ်အရွယ် တရွာလုံးမှာ အလှဆုံး ကွမ်းတောင်ကိုင်မချေပါ။ အသက်ကလေ့ ငယ် အသားကလေ့ ဖြူဖွေးပြီးကေ ချစ်စရာကောင်းသူချေ တစ်ယောက်ဖြစ်လို. သူမအပေါ် တရွာလုံးမှာဟိ
လူပျိုချေတိက ၀ိုင်းဝန်း ပိုးပန်းကတ်ပါရေ။ သူမနိန်ထိုင်ရာ ရန်အောင်မြင် ကျေးရွာစွာ မောင်တောမြို့နယ် မြောက်ပိုင်းက တိုက်နယ်ကျေးရွာ ကြိမ်ချောင်းနန်. ပါးနီးပါးစပ်မှာ ဖြစ်ပါရေ။ ယင်းရွာမှာ ရခိုင်၊ ခမီး၊ ဒိုင်းနက် နန်. သက်စရေ လူမျိုးတိ
ရောပြွမ်းနိန်ထိုင်ကတ်ပြီး အိမ်ခြေ ၁၂၀ ကျော်ဟိပါရေ။ ယင်းရွာမှာ နိန်ထိုင်ရေ လူတိဆိုစွာရေ ရခိုင်ဒေသ ဓလေ့ ထုံးစံ အတိုင်း လယ်ယာလုပ်ငန်းကို လုပ်ကိုင်ငန်းတိကို လုပ်ကိုင်ကတ်ပါရေ။ ဆူဆူ မိဖတိကလည်း တောင်ယာလုပ်ငန်းနန်.အသက်မွေး
ဝမ်းကျောင်းမှု
ပြုကတ်သူများ ဖြစ်ကတ်ပါရေ။ ဆူဆူမှာ သူ.အထက်က အေးမ တစ်ယောက်၊ မောင်တစ်ယောက်ဟိပါရေ။ သူမစွာ စာလေးတန်းထိသာ သင်ကြားခရပြီးကေ မူလတန်း ကျောင်းပြီးစွာနန်. ပညာကို ဆက်လက် မသင်ကြားတော့ဘဲ မိဖ
အိမ်မှုလုပ်ငန်းတိကို ကူညီ လုပ်ကိုင်နိန်သူဖြစ်ပါရေ။
ဆူဆူရို. နိန်ထိုင်ရေ ရန်အောင်မြင်ကျေးရွာရေ အင်တန်လောက် ချောင်ကျစွာဖြစ်လို. စစ်အစိုးရ အာဏာပိုင် စစ်သားတိ တခါတရီ ရောက်စွာကလွဲ.လို. ရက်ကြာကြာ တည်းခိုနိန်ထိုင်လေ့ မဟိကတ်ပါ။ ယင်းပိုင် စစ်အစိုးရ
အာဏာပိုင်တိ အရောက်အပေါက် နည်းနိန်ရေအတွက်လည်း တရွာလုံးမှာ အလှဆုံး ဆူဆူစွာ အပျိုဖေါ် ၀င်စမှာ မြန်မာအာဏာပိုင်တိ စက်ကွင်းထဲက လွတ်နိန်ခပါရေ။ ယကေလေ့ နောက်ပိုင်းမှာ ဆူဆူစွာရေ ရမ္မက်သားမြန်မာ အာဏာပိုင်တိ
စက်ကွင်းကို ကကောင်းကြာကြာ မသျှောင်လိုက်နိုင်ပါ။

------------------------------

တနိ

၂၀၀၉ ခုနှစ် မတ်လ နောက်ဆုံးအပတ်ထဲက တနိန်ဖြစ်ပါရေ။ ယင်းနိန်မှာ ဘီအီး လို့ခေါ်ရေ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက တပ်စုတစု ခြံစည်းရိုးစီမံကိန်း အတွက် ဆူဆူရို. နိန်ထိုင်ရာ ရန်အောင်မြင် ကျေးရွာကို ရောက်ဟိလာကတ်ပါရေ။
ဗမာစစ်သားများ၏ "အိမ်ကြီးကြီး၊ ရေတွင်းနီးနီး၊ ဖင်ကြီးကြီး" ဆိုရေ ဆောင်ပုဒ်အတိုင်း အချက်သုံးချက်နဲ့ ပြည့်ရေ ဆူဆူရို. အိမ်ဘေးနားက အိမ်ကြီး တလုံးကို သူရို. ရွှေးချယ်ပြီးကေ တည်းခိုနိန်ထိုင်ကတ်ပါရေ။ တည်းခိုပြီးကေ ကကောင်းကြာလိုက်
မြန်မာနည်း မြန်မာ့ဟန်အတိုင်း "အမေတို့
အဖေတို့ နေကောင်းကြပါသလား" ဆိုပြီးကေ စစ်သားအုပ်စု တစုစွာ ဆူဆူရို. အိမ်ကို ရောက်ဟိလာကတ်ရေ။ ဆူဆူကို မြင်စွာနန်. စစ်သားတိစွာ အကြောင်းမရှိ အကြောင်းရှဲာပီးကေ ဆူဆူ အမိ နန်. အဖ ကို ရရေနည်းနန်. ၀င်ရောကတ်ပါရေ။
ဆူဆူ အမိ အဖတိကလည်း ကျွန်သားတိဖြစ် လို. စေတနာ ကောင်းစွာကအဖက်၊စစ်သားတွေကို ကြောက်စွာက တဖက် နန်. အိမ်မှာရှိရေ ပြောင်းဖူးက အစ လဘက်ရည်အဆုံး ဟိဟိသမျှ စားစရာတိနန်. စစ်သားတိကို
ကျွေးမွေး ဧည့်ခံကတ်ပါရေ။ စစ်သားတိကလည်း မိမိ တည်းခိုနိန်ရာကို ပြန်ဖို့ မိလားကတ်ပြီးကေ ဆူဆူ အလှနန်. ကျွေးမွေရေ အစားအစာတိကို အားရပါးရ တီးကတ်ပါရေ။ ကျွေးမွေးသမျှကို မြန်မာ့ပရိရာယ်နန်."အားနာစရာကြီး မလုပ်ပါနဲ့၊ မလုပ်ပါနဲ့"
ဆိုပြီး စားကတ်စွာ အငတ်တိုင်းပြည်ကလာကတ်တေလူတိ အတိုင်းပါယာ။ ဆူဆူလည်း ထမင်းချက်ခန်း နန်. အိမ်ရှေ့ကွပ်ပျစ် ၀င်လိုက် ထွက်လိုက်နန်. စားစရာတိကို ကျွေးမွေးလုပ်ကိုင်နန်ရေအခါ သူ့မကို စူးစူးစိုက်စိုက် ကြည့်ကတ်တေ
စစ်သားတိအထဲက စစ်သား
တဦးနန်. မျက်လုံးချင်း ဆုံမိကတ်ပါရေ။ ယင်း စစ်သား၏ စူးချရေ အကြည့်ကို ဆူဆူပိုင် နုနယ်ရေ အတွေ့အကြုံ မရင့်ကျက် သိမ့်ရေ မိန်းမချေတစ်ယောက်က ဇာပိုင်ခံနိုင်ပါဖို.လဲ။ ယင်းစစ်သားမျက်လုံးစိမ်းတိနန်. စူးချရေ အကြည့်
ကိုမြင်တိုင်း ဆူဆူ ရင်ထဲမှာ လှိုက်ဖို လားရပါရေ။ စစ်သားတိ ပြန်လားခကတ်ကေလေ့ ယင်းစစ်သား စူးချရေ အကြည့်တိက ဆူဆူရင်ထဲမှာ ကိန်းအောင်းကျန်လိုက် ခကတ်ပါရေ။

------------------------------
ိ
နောက်တနိ မိုးလင်းရေခါ ရွာထဲက မင်းကျွန်ပျိုနှစ်ယောက်စွာ ဆူဆူဘက်ကို ရောက်လာကတ်ပြီးကေ စာတစောင်ကို လာပီးပါရေ။ "နင်ရို.အိမ်ကို ညက လာလည်ခရေ "တပ်ကြပ် ကျော်သက်" ဘားကစာ။ ညက လာခရေ စစ်သားတိထဲက
ဆရာချေ ကျော်သက် ကို နင် မှတ်မိ ရေ"ဆိုပြီးကေ စာကိုပီးပြီးကေ သူရို.ထွက်လားခတက်ပါရေ။ စာကို ဖတ်ကြည့် လိုက်ခါ "သိပ်ချစ်မိသွားပြီ" ဆိုရေ စာသား အောက်မှာ ဆူဆူကို မြင်ရင် မြင်ချင်း ချစ်မိခရရေ အကြောင်းတိ၊ ဆူဆူပိုင်လှရေ
မမချေမျိုး
ရခိုင်မှာ တာဝန်ထမ်းဆောင်ရေ (၅) နှစ်တာ ကာလမှာစတင်တွိခရေအတွက်နန်. ခံစားရပုံတွိကို စာမျက်နာ (၂) မျက်နာကျော် ရွီးထားစွာတိကို ဆူဆူ ဖတ်လိုက်ရပါရေ။ စာကို ဖတ်ပြီးစွာနန်. ဆူဆူစိတ်တိစွာ စတင် လူးလွန့်
လားရခပါရေ။

------------------------------

နောက်တနိ ဆူဆူရို.အိမ်ကို ကျော်သက်က သေနတ်ချေကို လွယ်ပြီးကေ ရောက်လာပါရေ။ ဆူဆူကို ညက ပီးခရေ စာကို ရလားလို. မိန်းပြီးကေ အဖြေကို တောင်းပါရေ။ဆူဆူကလည်း မြင်မြင်ချင်း ရင်ဖိုခရသူဖြစ်လို.
ခေါင်းညိတ်ပြလိုက်ပါရေ။
ယင်းနိကစပြီးကေ ကျော်သက်စွာ လုပ်ငန်းခွင်က ပြန်လာတိုင်း သူအချစ်တိ ကြီးမားပုံကိုသက်သေပြဖို့ ဆူဆူဆီဘက်ကို တန်းရောက်လာပါရေ။

------------------------------

ကကောင်းမကြာလိုက်နယ်စပ် ခြံစည်းရိုး စီမံကိန်းအတွက် ရောက်ဟိလာရေ စစ်သားတွိစွာ ရွာထဲကနိန် ခြံစည်းရိုးကာရံနိန်ရေ ယာယီ စခန်းကို ပြောင်းရွှေ့လားခကတ်ပါရေ။ ယင်းအထဲမှာ တပ်ကြပ် ကျော်သက်လည်း ပါလားခပါရေ။
ယကေလေ့တပ်ကြပ် ကျော်သက်စွာ အားလပ်ရက် ရောက်တိုင်း ဆူဆူရို. ရွာကိုလာလည်ပြီး ဆူဆူနန်. ချိန်းတွိပါရေ။ ယင်းပိုင် ချိန်းတွိနိန်စွာကို ဆူဆူ့ မောင်က တနိန်.မြင်လားရေခါ ဆူဆူကို ဆဲဆို ကြိမ်းမောင်းပြီး သတ်ပါရေ။
ယင်းကိုင် ရိုက်ပုတ်စွာကို တရွာလုံးက သိလားရေ အတွက်နန်. ဆူဆူလည်း အရှက်ရပြီးကေ ကျော်သက်နန်.အတူ သူနေထိုင်ရာစခန်းကို ခိုးရွာ လိုက်ပါလားပါရေ။ ဆူဆူရဲ့ အပျိုစင်ဘ၀စွာ ခြံစည်းရိုးကာရံနိန်ရေ စစ်သားတဦးနန်.
အတူ ယာယီတဲချေ တလုံး မပီမပြင် ၀ိုးဝါးနိနရေ ကြယ်ရောင် မစုံ ညအမှောင်အောက်မှာ ကုန်ဆုံးလားခရပါရေ။

------------------------------
နောက်တစ်နိန်. မိုးလင်းစွာနန်. သူမ ဘေးနားမှာ သူ့ချစ်သူ ကျော်သက် မဟိစွာကို သတိပြုမိပြီး ဆူဆူ ထထိုင်လိုက်စွာနန်. အဖသယ်နန်. အမိသယ်အသံက တဲအပြင်က ထွက်ပေါ်လာပါရေ။ "သမီးချေ ထွက်လာလိုက် ဝေ။ အိမ်ပြန်ကတ်မေ" ဆူဆူလည်း အသံကို
ကြားစွာနန်. တဲအပြင်ကို ထွက်ပြီး "ဘာဘာ အဂု အကျွန် ကိုကျော်သက် မယားဖြစ်လားပါယာ။ အပျိုလေ့ ပြန်မဖြစ်ပါယာ ဘာဘာ။ သမီး ရို. အချစ်ကို မခွဲပါကေ့ ဘာဘာ။" ဆိုပြီး သူမ အဖကို ခြီကို ဦးတိုက်ပြီး ရှိခိုး တောင်းပန်ပါရေ။

ဆူဆူ အဖက ဆူဆူကို ဆိုးနင့်စွာ ကြည့်လိုက်ပြီးကေ "သမီးရို.အချစ်ကို ဘာဘာ မခွဲပါ ဝေ။ ယကေလေ့ သမီးသူ့ကို လက်ထပ်လို့မရနိုင်ပါ ဝေ သမီးချေ ။ တပ်က သူ့ကို သမီးနန်. ခွင့်မပြုနိုင်လတ်။၊ ကိုယ့်သမီးကို ကိုယ် ပြန်ခေါ် ပါဆိုပြီးကေ အကြောင်း
ကြားလာရေအတွက် ဘာဘာရို့ သမီးချေ လာခေါ်စွာပါ။ သမီး ချစ်သူ ကျော်သက်မှာ မယားနန်. အချေနှစ်ယောက်ဟိရေအတွက်နန်.တပ်က ခွင့်မပြုနိုင်ပါလတ် ဝေ သမီးချေ"

သူမအဖ စကားအဆုံးမှာ ဆူဆူ နှလုံးသား တောင်ပြိုပိုင် ပြိုလားပြီးကေ ဆူဆူစွာ ရပ်စောက်မူးလဲကျလားပါရေ။ ဆူဆူက ကိုကျော်သက်နန်. တနားချေ တွိချင်ကြောင်း ခွင့်တောင်းကေလေ့ တပ်အရာရှိက ကျော်သက်ကို ဖမ်းပြီး
ကြိမ်ချောင်းကို ပို.လိုက်ယာဖြစ်တေ အတွက် တွိဆုံလို. မရနိုင်ယာ ဆိုရေ အတွက်နန်. ဆူဆူစွာ ကိုကျော်သက်ကို နောက်ဆုံးတွိဆုံခွင့် မရခပါ။ ဆူဆူရို. သားမိ သားဖ သုံးဦး ငိုရှိုက်သံတွိနန်. အတူ ရွာကို ကြွီကွဲစွာ ပြန်လားခကတ်စွာကို တခြား
တဲတလုံးကြားထဲက ခိုးကြည့်နိန်ရေ ကျော်သက် ကိုလည်း ဆူဆူ မြင်မတွိနိုင်ခပါ။

------------------------------

အိမ်ကို ပြန်ရောက်ရေ အခါ ဆူဆူနန်. ဆူဆူ အေးမတိ ငိုရှိုက်သံတိ၊ အဖဖြစ်သူနန်. မောင်ဖြစ်သူရို. အံကြိတ်သံတ၊ိ ဆူဆူကို ဆဲဆို ကြိမ်းမောင်းသံတွိစွာရေ ရန်အောင်မြင် ကျေးရွာကို လွမ်းခြုံလားကတ်ပါရေ။

(ပြီး)

(ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်ပါသည်။ လွန်ခရေ မေလ အတွင်းက ရန်အောင်မြင်ကျေးရွာတွင် အဂွင့်ဖြစ်ပျက်ခသော အဖြစ်အပျက်ကို " ဘုန်းစည်သူ" က ရွီးဖွဲ့ထားခြင်း ဖြစ်ပါသည်။)


မှတ်ချက်။။ နိရဉ္ဖရာမှ မြန်မာပိုင် ရွီးထားသည်ကို ရခိုင်ပိုင် ဘာသာပြန်ထားပါသည်။ မကြိုက်ပါက ဆက်သွယ်ပါ. ချက်ချင်းဖျက်ပီးလားမည်။ စာရွီးသူ ကို မမီးဘဲ ဘာသာပြန်လိုက်သည့်အတွက်တောင်းပန်ပါသည်။

Read more...

လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့် ရိုက်ကာ

လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့် ရိုက်ကာ
............................................................

မြန်မာကျွန်ပညာရေး စနစ်နှင့်ကြီးပြင်လာရသောရခိုင်လူငယ်များသည် ရခိုင်ဘုရင် တိနံမည်ကို မကြားဖူးသော်လည်း မြန်မာဘုရင်တိ နံမည်ကို အားလုံးကြားဖူးပါလိမ့်မည်။ ဘုရင့်နောင်၊ကျန်စစ်သား၊အလောင်စည်သူ စသည့် မြန်မာများ၏ ပြောမကုန်နိုင်
သောမြန်မာသမိုင်း၏ဇာတ်လိုက်ဘုရင်တိကိုရခိုင်အချေတိအားလုံး တဇာဇာနှင့် ကျီးအာရေပိုင် အလွတ်ကျမှတ်ရခြင်းတိကိုလည်း ကြုံဖူးပါလိမ့်မည်။ အဆီအနှစ်ကင်းမဲ့နိန်သော ထိုကျွန်ပညာရေး၏ မြန်မာသမိုင်းစာမျက်နှာတွင် တခြား မြန်မာတိုင်းရင်းသား
ရို.၏ ကြီးကျယ်ခန့်နားခပုံတိ အားလုံးဖယ်သျှားခံထားရသည်။ အထူးသဖြင့် ရခိုင်ဘုရင်ရို.အမည်နာမများနှင့် ကြီးကျယ်မူများသည် ရခိုင်အချေတိနှလုံးသားထဲက ဒမြတိုက်ဖယ်သျှားခံထားရပြီး၊ မြန်မာဘုရင်ရို.ပုံရိပ်တိကို တူနှင့်ရိုက်ပိုင်ရိုက်ထည့်နီသည်မှာ
့မြန်မာလူမျိုးကြီးဝါဒ၏ ရွီးပြစရာမလိုသော ပုပ်သိုးနီသောပင်ကိုယ်စရိုက်များဖြစ်သည်။ ယင်းသို.သော ကျွန်ပညာရေးအား ရခိုင်လူငယ်ချေတိခေါင်းထဲကို သွပ်သွင်း၊ ၀ါဒ ဖြန်.ခြင်းတိကို နှစ်ပေါင်းနှစ်ရာကျော်ထိရက်ပြတ်လုပ်ဆောင်လာရာ ရခိုင်လူငယ်တိ
စိတ်တွင် မြန်မာကို အထင်ကြီးစိတ်၊ မြန်မာဖြစ်ချင်စောစိတ်များ လွမ်းမိုးခြင်းခံလာရသည်မှာ အပြစ်ပြောချင်စရာ မဟုတ်ပါ။

ခေါင်းစဉ်ကဆိုထားသည်အတိုင်း ပြန်စရသော်၊ ရခိုင်လူမျိုးတိအနိန်ဖြင့် ဒုတိယတန်းတွင်သင်ကြားခရသော မြန်မာဘုရင် ဘုရင့်နောင် ဆိုသူကိုကြားဖူးပါလိမ့်မည်။ ဖင်ကြွတ်စူး စိတ်ဝင်စားသည်မှာ ထိုဘုရင့်နောင်၏ သူရဲကောင်းရွီးချယ်ပုံဖြစ်ပါသည်။
မြန်မာသမိုင့်တွင်ဆိုးထားခသည့်အတိုင်း ဘုရင့်နောင်၏သူရဲကောင်းရွီးချယ်ပုံမှာစိတ်ဝင်စားဖွယ်ကောင်းသည်။ လက်သည်းကြားတွင်အပ်စိုက်၍ တူနှင့်ရိုက်ကာစမ်းသတ်၏။ နောက်မတွန်းသူကိုသာ သူရဲကောင်းအဖြစ်ရွီးချယ်သည် ဆို၏။ အချေခါ ဘာသာ၊
ဘ၀အလျောက် ထို ဘုရင့်နောင်၏ သူရဲကောင်းရွီချယ်ပုံဖတ်မိသည်နှင့် ထိုဘုရင့်နောင်ကို လပြာစိုင်အောင်ကြောက်မိသည်။ ဒေနီရာတွင် စာဖတ်သူများကိုမီးခွန်းတစ်ခုမီးချင်ပါသည်။ စာဖတ်သူရို. လက်သည်းတွင် အပ်စိုက်ပနာတူနှင့်ရိုက်ပုံကို မျက်စိတွင်
မြင်ကြည့်ပါ။ ထိုသို.စဉ်းစားသည်နှင့်ပင် စိတ်ကတွန်.ဆုတ်လားလိမ့်မည်။ လက်သည်းကြားတွင်အမုန်.သျှေတစ်မှုန်.၀င်ကေတောင်အလွန်နာကြင်သောဝေဒနာကိုခံစားရပါသည်။ မြတ်စွာဘုရားသျှင်သည် ဒေ၀ဒတ်မိုက်၏ လုပ်ကြံမှုကြောင့် ခြမဦးတွင် သွီးဦးမြီး နာကျင်သောဝေဒနာခံစားရတော်မှုသောကြောင့် ဇီဝကနှင့်ဆီးကူးခံတော်မှုဖူးပါသည်။လက်သည်းကြားတွင်အပ်စိုက်၍တူနှင့်ရိုက်လျက်ပင်နောက်မတွန်.သူသည်သူရဲကောင်းတော့
ခါမဖြစ်နိုင်။ ယကေလေ့ စိတ်ဝေဒနာသျှင် တစ်ယောက်ဖြစ်ဖိုသေချာပါသည်။ ထိုသို့သော သူရဲကောင်းရွီးချယ်ဖို.စိတ်ကူးရသော ထိုဘုရင့်နောင်ဆိုသူမြန်မာဘုရင်သည်လည်းရူသွပ်သူတစ်ယောက်ဖြစ်နိုင်ပါသည်။ သူရဲကောင်းတစ်ယောက်ဖြစ်ဖို.အတွက်
လက်သည်းကြားတွင်အပ်စိုက်၍တူနှင့်ရိုက်စရာမလိုကြောင့်ကို ဘုစုခရုခေချတိတောင် သာမန်ဦးနှောက်ဖြင့်စဉ်းစားနိုင်ပါသည်။

နောက်ဘုရင်တစ်ပါးလာပါသည်။ ရခိုင်လူငယ်တိ ပါးစ တွင်ရယ်ဘန်းစားနီသောမြန်မာဘုရင် ကျန်စစ်သားဖြစ်သည်။ မြန်မာများသည် ကျန်စစ်သား အရိဒမာ လှံပိုင်ဆိုင်ကြောင့်ဂုဏ်ယူဝင့်ကြားစွာပြောလေ့ဟိပါသည်။ရခိုင်သမိုင်း၌ အရိဒမာ ပိုင်ဆိုင်
သောရခိုင်ဘုရင်တစ်ပါးတည်းမဟုတ်။ မကန်ဟိသည်။ဖင်ကြွတ်စူး အဂုပြောပြချင်သည်မှာ ကျန်စစ်သားမင်း၏ စွမ်းရည်ဖြစ်သည်။မြန်မာသမိုင်းတိကဆိုသည်မှာ ကျန်စစ်သားမင်းကြီးသည် ဂျွန်းစစ်သည် လေးသိန်းနှင့်ညီမျှသည်ဟုဆို၏။ စာဖတ်သူရို. မျက်စိဟြိ့(ရှိ) တွင်
လူလေးသိန်းကို မျက်စိဖြင်မြင်ကြည့်ပါ။ စာဖတ်သူရို. ရခိုင်ဆံဒရှင်(ဆံတော်သျှင်) ဘုရားပွဲကို ရောက်ဖူးပါလာ။ လူ လေးသိန်းဘင်မလာသော ထိုပွဲတွင် ဘုရားဖူးရန်အတွက် တစ်ယောက်ကိုတစ်ယောက်တိုးတတ်ကတ်ရသော အဖြစ်တိကြုံဖူးပါလိမ့်မည်။
ဒေနီရာတွင် လှုလေးသိန်းအားနှင့်ညီမျှသည်ဆိုသည် မဖြစ်နိုင်သောအရာဖြစ်ပါသည်။ ထိုလေးသိန်း လီနှင့်မှုတ်ပလိုက်ကေဘင် ထိုကျန်စစ်သား အ၀ီစိကို ရွင့်လားနိုင်ပါသည်။ ထိုလေးသိန်းတက်နှင်းလိုက်လျှင် ကျန်စစ်သား ပြားလားနိုင်ပါသည်။
ရခိုင်သမိုင်တွင်ဘုရင်၏တန်ခိုးအာဏာ၊စွမ်းအားများကို ရွီးသားကတ်ရာတွင်ထိုကဲ့သို. ယုတ္တိယုတန် မဟိသောအရာတိနှင့် တင်စားသည်ကိုမတွိရပါ။ ယင်းကဲ့သို့ လက်ခံနိုင်စရာမဟိ၊ ယုတ္တိယုတန် နည်းသော မြန်မာသမိုင်မှ ဇာတ်လိုက်မင်းသားထိုမြန်မာဘုရင်
များ၏ စွမ်းအားသတ္တိကို ကျွန်တော် ဖင်ကြွတ်စူး ညာဏ်တထော်နှင့်ဝေဖန်ရွီးသားလိုက်ရပါကြောင့်....................။

အသိညာဏ်နှင့်ချင့်ချိန်နိုင်ကတ်ဇီ

ဖင်ကြွတ်စူး(ရမ်ဗြဲကျွန်း)

Read more...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP